မင်းဘူး၊ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ကေလာသဖတောင်ထိပ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲများလည်း ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။
မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးကို သက္ကရာဇ် ၁၂၃ ခုနှစ်တွင် သိကြားမင်းလှူဒါန်းထားသော ရွှေတည်းကျောင်းကို ဌာပနာကာတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး၊ ရှေးမင်းအဆက်ဆက်တို့က ဉာဏ်တော်မြှင့်ခြင်း၊ ရွှေထီးတော်တင်လှူခြင်းများဖြင့် တည်ထားကိုးကွယ်လာခဲ့ရာ စကုမြို့ဝန်လက်ထက်တွင် ကုန်းပွဲ၊ ရေပွဲ၊ ဇာတ်ပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပလာခဲ့သည်။ ယခုနှစ်တွင် ဇာတ်ပွဲ၊ အငြိမ့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာမကျင်းပနိုင်သော်လည်း ဆီမီးပူဇော်ပွဲ၊ စတုဒိသာကျွေးမွေးပွဲ၊ မီးပုံးပျံလွှတ်တင်ပွဲများဖြင့် ထည့်သွင်းကျင်းပသွားဖို့စီစဉ်ထားကြောင်း စေတီတော်ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။
သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးတွင်ကျင်းပမည့် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဝန်ထမ်းများ၊ အလှူရှင်မိသားစုများ ပူးပေါင်းပါဝင်လှူဒါန်းကာ ကျွေးမွေးသွားမှာဖြစ်ပြီး၊ သီတင်းကျွတ်လပြည့်နေ့ ညနေ ၆ နာရီအချိန်မှစ၍ ဆီမီးထွန်းညှိပူဇော်ပွဲကို ကျင်းပသွားမှာဖြစ်းကြောင်းလည်း သိရသည်။
ဇေယျာထက်(မင်းဘူး)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment