မြောက်ကိုရီးယားက တောင်ကိုရီးယားကို စစ်ကြေညာမယ်လို့ ခြိမ်းခြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ကိုရီးယားက တောင်ကိုရီးယားကို စစ်ကြေညာမယ်လို့ ခြိမ်းခြောက်


ပျက်ကျခဲ့သည့် တောင်ကိုးရီးယား စစ်ဘက်ဆိုင်ရာ မောင်းသူမဲ့လေယာဉ်၏ အပိုင်းအစများကို တွေ့ရှိခဲ့ကြောင်း မြောက်ကိုရီးယားက စနေနေ့တွင် ပြောကြားခဲ့ပြီး ကျွန်းဆွယ်တွင် တင်းမာမှုများ ပိုမိုပြင်းထန်လာကာ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ပြုံယမ်း၏ အစိုးရပိုင် သတင်းဌာန KCNA ၏ အဆိုအရ UAV သည် မြို့တော်ကို လက်ကမ်းစာစောင်များ ကြဲချရန် အသုံးပြုဖွယ်ရှိသည်။ အလားတူ ဒရုန်းများသည် ယခုလအစောပိုင်းတွင် “နိုင်ငံရေးဝါဒဖြန့်ခြင်းနှင့် ဆဲရေးခြင်း” များ ပါဝင်သည့် လက်ကမ်းစာစောင်များကို တွေ့ရှိခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

“တကယ်လို့ မြောက်ကိုရီးယားရဲ့ ပိုင်နက်မြေပြင်၊ ဝေဟင်နဲ့ ရေပြင်ကို ကိုရီးယားစစ်တပ်က ရှာဖွေတွေ့ရှိပြီး ထပ်မံအတည်ပြုမယ်ဆိုရင် ဒါဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာအာဏာကို ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ စစ်ရေးအရ ရန်စမှုတစ်ခုအဖြစ် မှတ်ယူမှာဖြစ်ပြီး စစ်ကြေညာပြီး ချက်ချင်းလက်တုံ့ပြန်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။” ဟု KCNA က ရိုက်တာသတင်းဌာနကို ကိုးကားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် ညီမဖြစ်သူ ကင်ပိုဂျွန် က တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ လေပိုင်နက်ကို ချိုးဖောက်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သက်သေအထောက်အထားများ ရှိကြောင်း  ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ၎င်း၏ ဒရုန်းများ နယ်စပ်ကို ဖြတ်ကျော်သွားခြင်း ရှိ၊ မရှိ အတည်ပြုရန် ငြင်းဆိုထားသည်။ ပူးတွဲစစ်ဦးစီးချုပ်များ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လီဆွန်ဂျွန်က အဆိုပါကိစ္စသည် မြောက်ကိုရီးယားမှ ရှင်းလင်းသင့်သည့် အရာတစ်ခုဖြစ်ကြောင်း ယခုသီတင်းပတ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း ပြုံယမ်းသည် ၎င်း၏တောင်ပိုင်းအိမ်နီးချင်းအား ရန်စသည်ဟုစွပ်စွဲကာ ယခုသီတင်းပတ်တွင် တောင်ကိုးရီးယားသို့ ဦးတည်သွားသော လမ်းများကို ဖောက်ခွဲခဲ့ပြီး နှစ်နိုင်ငံကို လုံးဝခွဲထုတ်ကာ နယ်စပ်ဧရိယာကို ထာဝရခံတပ် အဖြစ် ပြောင်းလဲပစ်မည်ဟု ကတိပြုခဲ့သည်။

ဇန်နဝါရီလတွင် ကင်ဂျုံအန်းက ပြန်လည်ပေါင်းစည်းရေး ကတိကဝတ်ကို စွန့်လွှတ်ပြီး တောင်ကိုရီးယားကို “အဓိကရန်သူ” ဟု တံဆိပ်ကပ်ခဲ့သည်။


Ref - RT

Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)