မိုင်းရှူး၊ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍ မိုင်းရှူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၄၀) ကျောင်းမှ ဆရာတော်၊ သံဃာတော် (၉၀၀)ပါးက အမှတ် (၄) ရပ်ကွက်ရှိ ယုံးပေါင်ကျောင်းမှ မြို့လယ်ဘုရားကြီးကျောင်းသို့ ကြွရောက်အလှူခံရာ အမှတ် (၁) လှုပ်ရှားစစ်ဗျုဟာမှူး ဗိုလ်မှူးကြီး ကိုထက်နှင့်တပ်မိသားစုဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့် ရပ်နီး၊ ရပ်ဝေးအလှူရှင်များက ဝတ္ထုငွေ၊ဆန်၊ဆေး၊ အချိုရည်၊ ချိုချဉ်၊ မုန့်များ အစရှိသော လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။
သန်းလူ
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment