သာစည်မြို့နယ်တွင် အင်ဂျင်စွမ်းအားသုံးလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် အင်ဂျင်စွမ်းအားသုံးလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ




သာစည် ၊ အောက်တိုဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ဒေသခံတောင်သူများ စက်ပစ္စည်းကိရိယာများအသုံးပြုခြင်း အကျိုးကျေးဇူးများကို သိရှိနားလည်ခြင်းဖြင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ပိုမိုလျင်မြန်စွာ ကူးပြောင်းနိုင်မည်ဖြစ်ရာ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၆)စက်မှုလယ်ယာစခန်း သာစည်မြို့မှ အင်ဂျင်စွမ်းအားသုံး ခြောက်တန်းသွားလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကွင်းအမှတ် (၁၉၃၂) အင်းကုန်းကျေးရွာတောင်သူ ဦးအောင်မြင့်၏ လယ်မြေနှစ်ဧက၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးချမ်းမြဇော်က အင်ဂျင်စွမ်းအားသုံး ခြောက်တန်းသွားလက်စွဲကောက်စိုက်စက်အသုံးပြု၍ စပါးစိုက်ပျိုးခြင်းဖြင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ပြီး အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်ခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်မီစိုက်ပျိုးနိုင်ခြင်း၊ လယ်မျက်နှာပြင်ညီညာခြင်းကြောင့် ကောက်ပင်အတိမ်အနက်ကို လိုအပ်သလို ချိန်ညှိစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ရာတွင်လည်း နေရာအနည်းငယ်သာလိုအပ်ခြင်း စသည်ဖြင့် ကောက်စိုက်စက်၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  အင်ဂျင်စွမ်းအားသုံးခြောက်တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် လက်တွေ့စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြသပွဲသို့ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)