ဝါးခယ်မ ၊ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက် မီးသတ်ဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲနှင့် မီးငြှိမ်းသတ်ရာတွင် ဝိုင်းဝန်းကူညီမီးငြှိမ်းသတ်ပေးကြသော မီးသတ်ဦးစီးဌာနရှိဝန်ထမ်းများ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ ကုန်သည်လမ်းရှိ မီးဘေးသင့်ပြည်သူများ၊ မီးငြှိမ်းသတ်ရာတွင် ဝိုင်းဝန်းကူညီမီးငြှိမ်းသတ်ပေးကြသော မီးသတ်ဦးစီးဌာနရှိဝန်ထမ်းများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမျိုးမင်းဇော်နှင့်အဖွဲ့ဝင်များက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ smart card၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးမျိုးမင်းဇော်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment