မြစ်ကြီးနား ၊ အောက်တိုဘာ ၁၁
ကချင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၄/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများအပေါ် နိုင်ငံတော်နှင့် ပြည်နယ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်စေရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အသေးစိတ်စိစစ်ဆွေးနွေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်မြေစာရင်းဦးစီးမှူး ဦးသန်းမြင့်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့်လျှောက်ထားလာမှုအပေါ် ပြည်နယ်ကော်မတီမှ ဆွေးနွေးဆောင်ရွက်သွားရမည့် လုပ်ငန်းစာတွဲများနှင့် ဗဟိုကော်မတီသို့ စိစစ်ထောက်ခံတင်ပြပေးရမည့် လုပ်ငန်းစာတွဲများ၊ အခြားဆုံးဖြတ်ပေးရမည့် လုပ်ငန်းစာတွဲများကို စာတွဲ(၁)ခုချင်းအလိုက် ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစာတွဲ(၁)ခုချင်းအလိုက် သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စိစစ်တိုက်ဆိုင်ဆွေးနွေး ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment