ဒေးဒရဲမြို့၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ အခက်အခဲမဖြစ်ပေါ်စေရေနှင့် အချိန်မီပြီးစီးရေး ကွင်းဆင်းကြီးကြပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ (၂၀၂၄) ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ အခက်အခဲမဖြစ်ပေါ်စေရေနှင့် အချိန်မီပြီးစီးရေး ကွင်းဆင်းကြီးကြပ်လျက်ရှိ




ဒေးဒရဲ ၊အောက်တိုဘာ ၁၀


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း​လုပ်ငန်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့  ကွင်းဆင်းကောက်ယူလျက်ရှိရာ လုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးရေးနှင့် လုပ်ငန်းလိုအပ်ချက်များမဖြစ်ပေါ်စေရေး မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကြီးကြပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါ သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈) ချက် မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချကာ ဆက်လက်ကောက်ယူလျက်ရှိသည့် လုပ်ငန်းများ အခက်အခဲများမဖြစ်ပေါ်စေရေးနှင့် အချိန်မီပြီးစီးရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဒေးဒရဲမြို့နယ်တွင် (၂၀၂၄)ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းကောက် (၃၉)ဖွဲ့က ကောက်ကွက်ပေါင်း (၅၅၂)ကွက်ဖြင့် (၁.၁၀.၂၀၂၄)ရက်နေ့မှ (၁၅.၁၀.၂၀၂၄)ရက်နေ့အထိ Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ စာရင်းကောက်ယူလျက်ရှိရာ အောက်တိုဘာ (၉) ရက်နေ့အထိ ကောက်ကွက်ပေါင်း (၃၇၆) ကွက်၊ အိမ်ထောင်စုပေါင်း (၃၃၇၄၃) စု၊ (၆၈.၁၁%) ကောက်ယူပြီးစီးပြီး ကျန်ရှိနေသော ကောက်ကွက်များကို အချိန်မီပြီးစီးရေး မြို့နယ်တာဝန်ရှိသူများက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် နေထိုင်စားသောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)