ဝမ်းတွင်း၊ အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဇောင်ဂျမ်းကုန်း တောင်ကွင်းတွင် စိုက်ပျိုးထားသော အထွက်တိုးမြေပဲများ ရာသီဥတုကောင်းမွန်ပြီး မိုးရေရရှိတာကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ မြေပဲများတူးဖော်ချိန်တွင် ဈေးကောင်းရရန် တောင်သူများအနေဖြင့် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ် (၁၄၇၂-၁၄၇၃)အစရှိသည့် ကွင်းများသည် ဆည်ရေသောက် စိုက်ကွင်းများ မဟုတ်သည့်အတွက် မိုးရေကို အဓိကထား၍ စိုက်ပျိုးရေးလုပ်ဆောင်နေသော ကွင်းများဖြစ်ပြီး ယခုနှစ်တွင်မိုးရွာသွန်းမှုများကြောင့် မြေမဲများစိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စိုက်ပျိုးခဲ့သော မြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ကွင်းအမှတ်(၁၄၇၂-၁၄၇၃)ရှိ တောင်သူများအနေဖြင့် ယခင်နှစ်ကဆိုရင် (၁)ဧက မြေပဲတင်း(၇၀)ဝန်းကျင်ထွက်ရှိကာ ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်ကျပ်(၄၀၀၀၀)ဝန်းကျင် ရောင်းရကြောင်း တောင်သူ လေးကျော် ထံမှသိရသည်။ ကွင်းအမှတ်(၁၄၇၂)နှင့်(၁၄၇၃)တို့တွင် မြေပဲစိုက်တောင်သူ(၄၀) ကျော်ရှိကာ စိုက်ပျိုးဧက(၇၀)ကျော်ရှိပြီး ယခုနှစ် မြေပဲဖော်ချိန်တွင် မြေပဲဈေးကောင်းရရန် မျှော်လင့်ကြကြောင်း၎င်းက ဆက်လက်ပြောပြသည်။
ဝမ်းတွင်းမြို့နယ်၌ ကွင်းအမှတ်(၁၄၇၂)နှင့်(၁၄၇၃) ကွင်းရှိ တောင်သူများအနေဖြင့် မြေပဲများ အပြင် စပါး၊ ငရုတ်၊ ဝါ၊ နှမ်း၊ ပဲစင်းငုံ စသည့် သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment