မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ် ကျူးကျော်မှု အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်နိမိတ် ကျူးကျော်မှု အသိပညာပေးဟောပြောပွဲကျင်းပ




တာချီလိတ်၊ အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်နိမိတ်ကျူးကျော်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် နယ်မြေခံတပ်နယ်မှ ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က မယ်ဆိုင်-မယ်ဟောင်ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ကျရောက်နေသည့် အဆောက်အဦများနှင့်ပတ်သက်၍ လည်းကောင်း၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းစိုးက ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာမှူး ဦးရဲထွန်းက စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်ထားသည့်  By Law များကိုလည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးကြည်ရွှေက မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်နိမိတ်သတ် မှတ်ထားရှိမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားကာ ဟောပြောပွဲ တက်ရောက်လာကြသူများ သိရှိလိုသည့်မေးမြန်းဆွေးနွေးချက်များကို တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးသည်။

အဆိုပါဟောပြောပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မယ်ခေါင်၊ ဆန်ဆိုင်း(က)၊ တာလော့၊ ရန်အောင်မြေရပ်ကွက်နှင့် လွယ်တော် ခမ်းကျေးရွာအုပ်စုမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်းနှင့် မယ်ဆိုင်-မယ်ဟောင်ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံနယ်နိမိတ်အတွင်း ကျရောက်နေသည့်အဆောက်အဦ (၃၃)လုံး၊ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ကျရောက်နေသည့် အဆောက်အဦ(၄၅)လုံးရှိကြောင်း သိရသည်။


သန်းဇော်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)