ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်လုံးဝပျက်စီးခဲ့သည့် လူနေအိမ် ၂၆၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်လုံးဝပျက်စီးခဲ့သည့် လူနေအိမ် ၂၆၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ထောက်ပံ့ပေးအပ်





ဟိုပုံး၊ အောက်တိုဘာ ၁၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟိုပုံးမြို့နယ်ရုံးမှ ရေဘေးသင့်လုံးဝပျက်စီးခံသည့် လူနေအိမ် ၂၆၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်မေဇင်ဝင်းအောင်နှင့် တာဝန်ရှိသူများက စက်တင်ဘာလ(၁၁)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်လုံးဝပျက်စီးခဲ့သည့် မြို့ပေါ်ရပ်ကွက် ၆ ခုနှင့် ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာပေါင်း ၂၅ ရွာတို့မှ လူနေအိမ် ၂၆၄ လုံးအတွက် အိမ်အမျိုးအစားပေါ်မူတည်၍ ငွေကျပ် ၂၀၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့သည့်နေအိမ် ၁၆၇ အိမ်၊ ငွေကျပ် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့သည့်နေအိမ် ၉၇ အိမ်တို့အတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်းရန်ပုံငွေကျပ် ၄၃၁ သိန်းအား ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)