စဉ့်ကိုင်မြို့နယ်၌ မိုးရာသီတွင် အဖြစ်များသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ မိုးရာသီတွင် အဖြစ်များသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

 


စဉ့်ကိုင် ၊  အောက်တိုဘာ ၂၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စဉ့်ကိုင်မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးလွင်နှင့် ဦးစီးအရာရှိ ဒေါ်ယဉ်နွယ်မြင့်တို့ ဦးဆောင်၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များက ကျန်းမာရေးဝန်ကြီးဌာနမှ (အခမဲ့)ထုတ်ဝေသည့် မိုးရာသီတွင် အဖြစ်များသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၇ နာရီ မိနစ် ၃၀ အချိန်က  မြို့မဈေးအတွင်း၌ အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လက်ကမ်းစာစောင်တွင် ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများ စာသောက်မိရာမှတဆင့် ကူးစက်ရောဂါ ဖြစ်ပွားနိုင်ကြောင်း၊ ရောဂါပိုး ကူးစက်တတ်ပုံအဆင့်ဆင့်၊ ရောဂါလက္ခဏာများအကြောင်း၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလျှင် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။


ကျော်စွာ (စဉ့်ကိုင်) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)