ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရောက်တွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia သည် ယမန်နေ့က ပြန်ကြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ - တရုတ် မီဒီယာကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံမီဒီယာအဖွဲ့များ အပြန်အလှန်လည်ပတ်နိုင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်းသာမက ပြည်သူအချင်းချင်းပါ ပိုမိုချစ်ကြည်ရင်းနှီးမှု၊ နားလည်မှုရှိစေရန်အတွက် မီဒီယာကဏ္ဍမှ လိုအပ်သည်များ ကြိုးပမ်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)