မန္တလေး ၊ အောက်တိုဘာ ၂၇
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအနောက်ရပ်ကွက်၊ သာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံ၊ ဗုဒ္ဓရုပ်ပွားတော် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းမင်္ဂလာနှင့် ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၈)ရက်၊ အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၉ နာရီက ၂၉(A)လမ်း၊ ၈၄×၈၅ လမ်းကြားရှိ အဆိုပါသာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ဓမ္မဂါရဝကျောင်းဆရာတော် တိက္ခိန္ဒြိယာဘိဝံသ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး သာသနာလင်္ကာရ ဝါးတန်းဓမ္မာရုံ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
အစီအစဉ်အရ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းက နမောတဿ သုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြပြီး တိုင်းဥက္ကဋ္ဌဆရာတော်ထံမှ အနုမောဒနာတရား နာယူကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မိုးကောင်းတိုက်၊ အလယ်ရွှေကျောင်း၊ ဆရာတော် ဘဒ္ဒန္တ ဓမ္မာဓိပတျာလင်္ကာရထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားနာယူကြသည်။
၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
အောင်စံ
https://t.me/MyanmarNationalPost
No comments:
Post a Comment