ဘုတလင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတလင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်


ဘုတလင်၊ အောက်တိုဘာ ၁၉

ဘုတလင်မြို့နယ်၊ ဆယ်ဝရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက်များရှိနေကြောင်း ဒေသခံများ၏ သတင်းပေးမှုအရ အောက်တိုဘာလ ၁၈ ရက်၊ နေ့လည် ၂ နာရီခွဲခန့်က  နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များ ဝင်ရောက်ရှင်းလင်းရာ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပေါ်ခဲ့သည်။

ဖြစဉ်အတွင်း PDF အကြမ်းဖက်သမား ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃ တောင့် တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

လုံခြုံရေးအဖွဲများသည် နယ်မြေဆက်လက်ရှင်းလင်းရာ အိုင်ပေါင်းချောင်ရွာရှိ စပါးကျီအတွင်း သိုဝှက်ထားသော (၁) လက်လုပ်သေနတ်အရှည် ၃၀ လက်၊ (၂) လက်လုပ်သေနတ်အတို ၁ လက်၊ (၃) လက်လုပ်စိန်ပြောင်း ၅ လက်၊ (၄) သေနတ်ပြောင်း ၁၆ ခု၊ (၅) ဒလက် ၄ ခုပါ ဗုံးသီး ၂ လုံး၊ (၆) ယမ်းကြိုး ၁ ခွေ၊ (၇) ကျည်မျိုးစုံ ၆၈ တောင့်၊ (၈) ဝါယာကြိုး ၁ ခွေ၊ (၉) သံပိုက်လုံး ၆ လုံး တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)