တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်




ထားဝယ်၊ အောက်တိုဘာ ၁၃

အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့”ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ်အောက်တိုဘာလ ဒုတိယအပတ်၏ နေ့တစ်နေ့ကို “အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ပြီး မြန်မာနိုင်ငံတွင်အဆိုပါအခမ်းအနားကို နိုင်ငံတော်အဆင့်အခမ်းအနားတစ်ရပ်အနေဖြင့် ၂၀၁၀ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကာ တနင်္သာရီတိုင်းဒေသကြီးတွင် (၁၀)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းစဉ်များတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်ရည်ပြည့်ဝစွာပါဝင်မှုတွင် အရေးပါသည့်အတွက် ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို "Empowering the next generation for a resilient future" “အနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးတွင် လူငယ်များ၏အခန်းကဏ္ဍတွင်လည်း အလွန်အရေးကြီးကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးတွင် ပါဝင်သောအချက်အလက်များအားသိရှိနားလည်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသည့် အနာဂတ်တစ်ခုဖြစ်လာစေရေးကြိုးပမ်းအားထုတ်မှုတွင် တစ်တောင့်တစ်နေရာက ပါဝင်လာစေရန်အတွက် မျိုးဆက်သစ်များကို လက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ နောင်တွင်သဘာဝဘေးနှင့်သက်ဆိုင်သည့် အသိပညာဗဟုသုတများကို လေ့လာဆည်းပူးကြပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများလျော့ကျသွားရန် တတ်စွမ်းသမျှပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သော အနာဂတ်မျိုးဆက်သစ်များဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အထူးကုယ်စားလှယ်နှင့် UNDRR ၏ အကြီးအကဲ Mr. Karmal Kishore ၏ သဝဏ်လွှာ သတင်းစကားရုပ်သံ (Video Message)ပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ သရုပ်ဖော်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပြီးပြိုင်ပွဲဝင် ကျောင်းသား/ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သဘာဝဘေးလျော့ပါးရေးလှုပ်ရှားမှုမှတ်တမ်းတင်ဗီဒီယို၊ သဘာဝဘေးလျော့ပါးရေးဆိုင်ရာအသိပညာပေးတေးသရုပ်ဖော်တင်ဆက်ပြသနေမှုနှင့် အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)