တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ (၁/ ၂ဝ၂၄) အစည်းအဝေး အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီ (၁/ ၂ဝ၂၄) အစည်းအဝေး အခမ်းအနားသို့တက်ရောက်




ထားဝယ်၊ အောက်တိုဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂ဝ၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတအုပ်ချုပ်လုပ်ကိုင်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီကိုအဖွဲ့ဝင် (၂၅)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်များဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးရှိ လူဦးရေအများစု၏ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်များသည် ပင်လယ်ကမ်းရိုးတန်းသယံဇာတများအပေါ် မှီခိုရှင်သန်နေရပြီး ရေထွက်ပစ္စည်းတင်ပို့ရောင်းချခြင်း၊ ပုလဲမွေးမြူခြင်းနှင့် ကမ်းရိုးတန်းဒေသခရီးသွားလုပ်ငန်းများသည် တိုင်းဒေသကြီး၏ အဓိကစီးပွာရေးလုပ်ငန်းများတွင်ပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပင်လယ်ကမ်းရိုးတန်းသယံဇာတများကို ထိရောက်စွာစီမံအုပ်ချုပ်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံးအတွက်ကို ရေရှည်သုံးစွဲနိုင်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ဒေသအတွင်းစားသုံးနိုင်ရန်၊ သန့်ရှင်းသန့်ရပ်စွာဖြင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ငါး၊ ပုစွန်များ ရှင်သန်ပေါက်ပွားရန် ဒီရေတောများတည်ရှိရန်လိုအပ်ကြောင်း၊ ဒီရေတောများသည် ကုန်းတွင်းပိုင်းနှင့် ပင်လယ်ဆက်စပ်လျက်ရှိသော နေရာများတွင် ပေါက်သည့်အတွက် ကမ်းရိုးတန်းနေဒေသခံပြည်သူများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များကို အဓိကဖြည့်ဆည်းပေးနိုင်သည့်အပြင် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သောကြောင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးရန်လိုအပ်ကြောင်း၊ စွန့်ပစ်ပစ္စည်းများနှင့်ပတ်သက်၍ ဟောပြောပွဲများ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် ပင်လယ်ညစ်ညမ်းမှုလျော့နည်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်၊ ပင်လယ်ကမ်းစပ်တွင်နေထိုင်သော ဒေသခံများကိုလည်း သန့်ရှင်းသန့်ရပ်စွာနေထိုင်သုံးစွဲနိုင်ရေးစသည့်တို့ကို အသိပညာပေးဟောပြောပေးရန်လိုအပ်ကြောင်း၊ နိုင်ငံနှင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့ရေးသည်အရေးကြီးကြောင်း၊ တက်ရောက်လာသောကော်မတီဝင်များ၊ video conferencing ဖြင့် တက်ရောက်သော တက်သိပညာရှင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူးနှင့် တတ်သိပညာရှင်များက အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)