အောင်မြေသာစံမြို့နယ်တွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှု ကာကွယ်‌ရေးနှင့် ထိန်းချုပ်ရေးအတွက် ကလိုရင်းဆေး ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်မြေသာစံမြို့နယ်တွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှု ကာကွယ်‌ရေးနှင့် ထိန်းချုပ်ရေးအတွက် ကလိုရင်းဆေး ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

 



အောင်မြေသာစံ ၊ အောက်တိုဘာ ၂၃


မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုကာကွယ်‌ရေးနှင့်ထိန်းချုပ်ရေးအတွက် ကလိုရင်းဆေးခပ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အနှိပ်တော်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊သူနာပြုဆရာမများက ဧရိပ်မွန် မိဘမဲ့အမျိုးသမီး စောင့်ရှောက်ရေးဂေဟာနှင့် မန္တလေး၊ နိုင်ငံခြားဘာသာတက္ကသိုလ်တို့တွင် သောက်ရေကန်နှင့် သုံးရေကန်များအတွင်းသို့ ကလိုရင်းဆေးခပ်ခြင်း၊ အိမ်သာများအား ဆေးဖျန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အကွက်တာဝန်ခံများ၊ မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ကြရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့် စီမံအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။


ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင်လည်း ကလိုရင်းဆေးခပ်ခြင်း၊ အိမ်သာဆေးဖျန်းခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။


ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌‌ ဦးဆောင်သောအဖွဲ့များသည် အောက်တိုဘာလ ၂၁ ရက်နေ့က နန်း‌တော်ရှေ့ဈေး၊ ဆရာစံဈေး၊ ညောင်ပင်ဈေး၊ သီရိမာလာ (ငါး)ဈေး၊ ဖောင်တော်ဦးဘ/က ကျောင်း၊ ဝိဘဇ္ဇဝါဒီကျောင်း၊ အောင်ချမ်းသာစာသင်တိုက်၊ စောခင်ဌေးစာသင်တိုက်၊ ဆွေသဟာ ဘ/ကကျောင်း၊မျိုးချစ် ဘ/က ကျောင်း၊ အိုးဘို ဘ/က ကျောင်းနှင့်ဥသျှစ်ကုန်းကျောင်းတို့ရှိ သောက်သုံးရေကန်(၁၁၂)ကန်မှ ရေဂါလံ (၉၀၆၃၆)တို့အား ကလိုရင်းဆေးခပ်ခြင်း၊အိမ်သာစုစုပေါင်း(၂၂၂)လုံးတို့အား ပိုးသတ်ဆေးဖျန်းခြင်းတို့ ဆောင်ရွက်ကြပြီး ကျောင်းသား၊ ကျောင်းသူ၊ ဈေးသူ၊ ဈေးသား(၁၄၃၃)ဦးတို့အား ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေးသိကောင်းစရာများကို ပညာပေးဟောပြောပေးခဲ့ကြောင်း သိရသည်။


အောင်စံ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)