ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူလျက်ရှိ

 


ရွှေတောင်  ၊  အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

     ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအား ဆက်လက်ကောက်ယူလျက်ရှိရာ ရွှေတောင်မြို့နယ် အတွင်း ရပ်ကွက်( ၃) ရပ်ကွက်၊ကျေးရွာအုပ်စု  (၄၈)အုပ်စု၊ ကျေးရွာ (၂၉၇) ရွာ၊ အိမ်ထောင်စု  (၃၅၈၅၀)စု၊လူဦးရေ ( ၁၃၃၈၈၃)ဦး ရှိရာ ယနေ့အထိ ရပ်ကွက်( ၂) ရပ်ကွက်၊ကျေးရွာအုပ်စု (၃၈)အုပ်စု၊ ကျေးရွာ (၈၅) ရွာ၊ အိမ်ထောင်စု (၂၂၅၆၉)စု၊လူဦးရေ ( ၇၁၂၅၆)ဦး တို့အား စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့် ကောက်ကွက်များအလိုက်  အိမ်ထောင်စု၊လူဦးရေ စာရင်းများကို ဆက်လက် ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့်ရွှေတောင်မြို့နယ်အနေဖြင့်   လူဦးရေနှင့် အိမ်အကြောင်းအရာများ ကောက်ယူပြီးစီးမှု ရာခိုင်နှုန်း  ၅၃.၂၂ % ဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီထံမှသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)