ထာဝရ ပန်ထွာဧကရီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထာဝရ ပန်ထွာဧကရီ


ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ Miss Grand International 2024 ကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သဲစုညိမ်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ဝင်ရောက်နိုင်ဖို့ Miss Grand Myanmar 2024 ရွေးချယ်စဉ်မှာလည်း အသက်ငယ်တာ၊ ခန္ဓာကိုယ်သေးတာ အစရှိသဖြင့် ဝေဖန်မှုတွေ ရှိနေတာကြောင့် ကာလတိုအတွင်းမှာပဲ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အလှမယ် သဲစုညိမ်း အနေနဲ့ အရွယ်နဲ့ မမျှအောင် ပြင်ဆင်ကြိုးစားခဲ့တယ်။

အသက်အရွယ် ငယ်ပေမယ့်လည်း ပြင်းထန်တဲ့ ဝေဖန်မှုတွေကို လှေခါးထစ်အဖြစ် အသုံးချပြီး သူ့ဘက်က ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ခဲ့တယ်။ ဒီလိုစိတ်ထားမျိုးရှိခြင်းဟာ အသက်အရွယ်နဲ့ မမျှအောင် ရင့်ကျက်မှုကို ပြသခြင်းသဘောပါပဲ။

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ ပွဲစဉ်တိုင်းလိုလို တောက်ပခဲ့တယ်။ အမှားအယွင်း နည်းတယ်။ ထူးခြားပြောင်မြောက်အောင် လုပ်ပြနိုင်ခဲ့တယ်။ မြန်မာနိုင်ငံသားတွေကပဲ အားပေးတာဆိုရင်တော့ မြန်မာတွေရဲ့ လွန်ကဲတဲ့ မျိုးချစ်စိတ်နဲ့ တဖက်စောင်းနင်း အားပေးမှုလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာကပါ သူမရဲ့ ကြိုးစားမှုကို အသိအမှတ်ပြု အားပေးလာတာကို တွေ့ရတယ်။ သူမရဲ့ တောက်ပမှု၊ သူမရဲ့ ကြိုးစားမှုက Winner နဲ့ ထိုက်တန်တယ်လို့ ပရိတ်သတ်အများစုက မှတ်ယူတာ မမှားပါဘူး။

၂၅-၁၀-၂၀၂၄ ရက်နေ့ က ကျင်းပတဲ့ Final ပွဲစဉ်မှာတော့ မြန်မာနိုင်ငံကိုယ်စားပြု အသက်အငယ်ဆုံး အလှမယ်လေးကို လုပ်စားတာ အန်တိုနေပြီဖြစ်တဲ့ နာဝပ်ဦးဆောင်တဲ့ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်နေသလို မြင်တွေ့လိုက်ရတယ်။ Country Power ဆုအတွက် ထိုင်းအလှမယ်နဲ့ မြန်မာအလှမယ် ကို ထုတ်လာပြီး ထိုင်းအလှမယ်ကို Country Power ဆု ချီးမြှင့်လိုက်ပါတယ်။ ဒါကတော့ မြန်မာတွေရဲ့ အသဲကို အပ်နဲ့ ထိုးစွလိုက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။

Top 5 အထိ ပြင်သစ် က ကတုံးမကြီးကို စွဲခေါ်လာတာဟာလည်း ရွံစရာကြီး ဖြစ်နေပါတယ်။ အလှမယ်ပြိုင်ပွဲနဲ့ မတူတော့ဘဲ စောက်ခွက်ပြောင်နေသလားလို့ ထင်ရပါတယ်။

နောက်ဆုံး ၃ယောက်သာ ကျန်တော့တဲ့အချိန်မှာ 2nd Wunner up Miss Grand Myanmar လို့ ကြေညာလိုက်တဲ့ အချိန်ကတော့ မြန်မာတွေရဲ့ အသဲကို ဟက်တက်ခွဲလိုက်တော့တာပါပဲ။ အလှမယ် သဲစုညိမ်း ဟာ လိမ့်ဆင်းလာမယ့် မျက်ရည်တွေကို ထိန်းသိမ်းပြီး မချိပြုံးနဲ့ ဟန်မပျက် လမ်းလျှောက်ထွက်လာခဲ့ရပါတယ်။ ဒီမြင်ကွင်း ဒီပုံရိပ်ကို မြင်ရတဲ့ ပရိတ်သတ်အားလုံးဟာ သဲစုညိမ်းနဲ့ ထပ်တူ ရင်ကွဲကြရတော့တာပါပဲ။

ဒီလိုအခြေအနေမှာ မြန်မာနိုင်ငံကိုယ်စားပြု နေရှင်နယ်ဒါရိုက်တာ တစ်ယောက်အနေနဲ့ ပြတ်သားစွာ တုန့်ပြန်သင့်တာကို ပြတ်သားစွာ တုန့်ပြန်ခဲ့တဲ့အပေါ်မှာ ဂုဏ်ပြုမိပါတယ်။ မြန်မာအလှမယ် သဲစုငြိမ်း ဟာ Winner နဲ့ ထိုက်တန်သူ ဖြစ်တဲ့အတွက် 2nd Wunner up ဆိုတဲ့ Crown နဲ့ စလွယ်ကို ပြန်ပေးခဲ့တယ်။ နာဝပ် ဦးဆောင်တဲ့ Miss Grand International နဲ့ လုံးဝ အဆက်ဖြတ်မယ်။ လူငယ်တွေမို့လို့ ဒီလို တုန့်ပြန်တာလို့ မြင်ရင်လည်း မြင်နိုင်ပါတယ်။ ဒီလို ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ ဒီလို ပြတ်သားစွာ တုန့်ပြန်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ ဒီအဖွဲ့အစည်းရဲ့ မရိုးသားမှုတွေ၊ အမျိုးသမီးငယ်တွေကို အသုံးချပြီး စီးပွားရှာနေတာတွေ၊ မှန်ကန် ရိုးသားမှုမရှိတာတွေကို ကမ္ဘာက သတိပြုနိုင်မှာ ဖြစ်ပါတယ်။

အလှမယ် သဲစုညိမ်း အနေနဲ့ကတော့ အစွမ်းကုန်ကြိုးစားပြီး အတောက်ပဆုံး လုပ်ပြနိုင်ခဲ့တယ်။ အင်တာဗျူးတွေမှာ သူမ ပြောခဲ့သလို အမျိုးသမီးတွေရဲ့ စွမ်းအား ကို သူမ ပြသနိုင်ခဲ့ပါတယ်။ ပွဲစဉ်များတလျှောက် အလှမယ် သဲစုညိမ်း ကို အားပေးရင်း စဉ်းစားမိတာ တစ်ခုက သဲစုညိမ်း ဟာ မြန်မာလူငယ်တွေ အတွက် စံပြဖြစ်တယ်။ အထူးအားဖြင့် ဝေဝါးနေတဲ့ လူငယ်တွေ၊ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် မိမိတို့ရဲ့ ဦးတည်ရာကို သွားဖို့ရာမှာ အချိန်မဖြုန်းဘဲ ကြိုးစားအားထုတ်ကြဖို့ကို အလှမယ် သဲစုညိမ်း က စံပြအနေနဲ့ လုပ်ပြနိုင်ခဲ့ပါတယ်။

အလှမယ် သဲစုညိမ်း အတွက် နေရှင်နယ်ဒါရိုက်တာ ကိုထူးရဲ့ ဆုံးဖြတ်ချက်က Miss Grand International က ပေးတဲ့ နေရာကို မယူခဲ့ဘူး။ ဆုကို လက်မခံဘူး။ ပြန်အပ်ခဲ့ပြီ။ ကိုယ်ရသင့်တဲ့ နေရာမရလို့ မယူခဲ့ဘူး။ ရိုးသား မှန်ကန်မှုမရှိလို့ မယူခဲ့တာပဲ ဖြစ်တယ်။ အလှမယ် သဲစုညိမ်း အတွက် ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသားများနဲ့ နိုင်ငံတကာ ပရိတ်သတ်တွေက ပေးတဲ့ နံပါတ်(၁)၊ ပရိတ်သတ်တွေပေးတဲ့ သရဖူနဲ့  ပိုပြီး ထိုက်တန်ပါတယ်။

နိုင်ငံတကာ ဆင်မြင့်ထက်မှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်ဟာ အသက်အငယ်ဆုံးနဲ့ အတောက်ပဆုံး လုပ်ပြနိုင်ခဲ့တယ်ဆိုတာကတော့ ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်ပါဘူး။ အလှမယ် သဲစုညိမ်း ကို အားပေးဝန်းရံခဲ့ကြတဲ့ ပြည်သူများရဲ့ အမြင်မှာတော့ ထာဝရ ပန်ထွာဧကရီ ပါပဲ။ ဒီထက် ကြီးမြတ်တဲ့ ဂုဏ်ဒြပ် ရှိပါအုံးမလား။


ပပမျိုး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)