ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်း (၁၀) နှစ်ပြည့်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်း (၁၀) နှစ်ပြည့်အခမ်းအနား ကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၃၀

ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူက တရုတ်-မြန်မာနှစ်နိုင်ငံအကြား တွဲလက်ညီညီဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်ကောင်းမွန်သော ရလဒ် များစွာရရှိခဲ့ကြောင်း၊ ယခု (၁၀) နှစ်ပြည့်အခမ်းအနားမှစ၍ အနာဂတ်ကာလများတွင်လည်း နိုင်ငံ၏ သယံဇာတအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တရုတ် သိပ္ပံအကယ်ဒမီ (CAS) မှ တာဝန်ရှိ သူများက (၁၀) နှစ်ကြာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့မှုရလဒ်များကို တင်ပြခြင်း၊ မြန်မာနိုင်ငံမှ စီမံကိန်းလုပ်ငန်းဆိုင်ရာ  တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီးနှင့် တရုတ်သိပ္ပံ အကယ်ဒမီ (CAS) မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခများ၊ ကျောင်းသား ကျောင်းသူများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)