ကျိုက်လတ်၊ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ်အတွင်း ဝါတွင်းသုံးလ အရုဏ်ဆွမ်းလောင်းလှူမှု အောင်ပွဲအနေဖြင့် ဝါကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယနေ့နေ့လယ်ပိုင်းက (၂) ဖြတ်လမ်းရှိ ရပ်တော်မူ မြတ်စွာဘုရားကြီးစုရပ်မှ စတင်ကျင်းပခဲ့သည်။
ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်များ၊ နဝကမ္မအလှူငွေများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။ မြို့နယ်အတွင်း ဆွမ်းဆန်တော် အလှူခံကြွရောက်ရာတွင် မြတ်စွာဘုရား အမှူးထား၍ ဘုန်းတော်ကြီးကျောင်း (၄၆) ကျောင်း၊ သီလရှင်ကျောင်း (၂) ကျောင်းမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးအပါး (၇၀၀) ကျော်တို့က ရပ်တော်မူမြတ်စွာဘုရားကြီးမှ စတင်၍ မြို့တွင်း (၂) ဖြတ်လမ်းမှ ဦးစန္ဒာလမ်းမကြီးတစ်လျှောက် (၉) လမ်းအထိ၊ (၉) ဖြတ်လမ်းမှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း (၁၇) လမ်းအထိ သံဃာ့ဒါန ဆွမ်းလောင်းအသင်းများမှ အလှူရှင်များအတွက် ဆွမ်းဆန်တော် လှူဒါန်းရန် စီစဥ်ထားသည့် နေရာများအထိ ဆွမ်းဆန်တော်ခံ ကြွရောက်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်မင်းအောင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment