အုတ်တွင်းမြို့နယ်၌ ရေဘေးကြောင့်မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ ရေဘေးကြောင့်မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ

 



အုတ်တွင်း ၊ အောက်တိုဘာ ၂၃


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ရာဂိမုန်တိုင်းကြောင့်ရေကြီးရေလျှံမှုများ​​ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးသွားသော ကျေးရွာအုပ်စု(၅)အုပ်စုရှိ ကျေးရွာအချို့မှရေဘေးကြောင့် မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီကအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ AHA Center နှင့်အိန္ဒိယနိုင်ငံမှထောက်ပံ့ပေးအပ်သောရေဘေးကြောင့် မျောပါပျက်စီးနေအိမ်များအတွက် ကျေးရွာအုပ်စု(၅)အုပ်စုရှိ ကျေးရွာအချို့မှ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခဲ့သည်။


ထို့နောက်ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများအား ကျေးရွာအုပ်စု(၅)အုပ်စုရှိကျေးရွာ အချို့မှရေဘေးသင့်လူနေအိမ်(၃၃)လုံး ရေမျောပါပျက်စီးခဲ့ရာအဆိုပါလူနေအိမ်ပျက်စီးဆုံးရှုံးမှုများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ အလုံးစုံပျက်စီးနေအိမ်(၂၈)လုံးအတွက် နေအိမ်တစ်လုံးလျှင်ငွေကျပ်(၂၃၅၀၀၀၀)ဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ်(၆၅၈၀၀၀၀၀)၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသည့်နေအိမ်များ အတွက်တစ်အိမ်လျှင်ငွေကျပ်(၁၇၅၀၀၀၀)၊ စုစုပေါင်းနေအိမ်(၅)လုံးအတွက် သိန်း(၈၇၅၀၀၀၀)၊ နေအိမ်(၃၃)လုံးအတွက် ထောက်ပံ့ငွေကျပ်(၇၄၅၅၀၀၀၀)အား လည်းကောင်း၊ AHA Center နှင့် အိန္ဒယနိုင်ငံတို့မှ လှူဒါန်းထောက်ပံ့သည့် အလုံးစုံပျက်စီးနေအိမ်(၂၈)လုံးအတွက် ပစ္စည်း(၁၄)မျိုးနှင့်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်အတွက် ပစ္စည်း(၅)မျိုးတို့အား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့ဝင်များမှ အသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ခင်ခင်မာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)