မိုးညိုမြို့နယ်၌ အဘိဓမ္မာအခါတော်နေ့ ပူဇာသဘင်အောင်ပွဲအထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၌ အဘိဓမ္မာအခါတော်နေ့ ပူဇာသဘင်အောင်ပွဲအထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော် ကျင်းပ

 




မိုးညို ၊ အောက်တိုဘာ ၁၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ ဗုဒ္ဓမြတ်စွယ်တော်ကျွန်းကျောင်းတိုက်၌ အဘိဓမ္မာအခါတော်နေ့ ပူဇာသဘင်အောင်ပွဲအထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


နိဗ္ဗာန်ဈေးပွဲတော်သည် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်ပြီး မြန်မာပြည်နေရာအနှံ့အပြားတွင် ပြုလုပ်သော ထင်ရှားသည့်ပွဲတော်တစ်ခု ဖြစ်ပြီး မိုးညိုမြို့နယ်တွင်လည်း အဘိဓမ္မာအခါတော်နေ့ ပူဇာသဘင်အောင်ပွဲအထိမ်းအမှတ်အဖြစ် နိဗ္ဗာန်ဈေးပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဘိဓမ္မာပြန့်ပွားရေးအသင်း၏စီစဉ်ဆောင်ရွက်မှုဖြင့် အလှူရှင်များက မုန့်ဟင်းခါး၊ ကြက်သားပလာတာ၊ ရေခဲမုန့်၊ နို့စိမ်းခေါက်ဆွဲ၊ ရွှေရင်အေး၊ ကြာဇံကြော်၊ ကြာဇံချက်၊ သာကူပြင်၊ ပေါင်မုန့်အုန်းနို့ဆမ်း၊ ပလာတာနှင့် အချိုရည် စသည့်စတုဒိသာများအား ကျွေးမွေးလှူဒါန်းရာ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ပြည်သူများက တစ်ပျော်တစ်ပါး လာရောက်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။


ကိုမင်:

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)