၂၀၂၄ ခုနှစ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံမသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ချစ်ကြည်ရေးအားကစားပွဲတော် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံမသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ချစ်ကြည်ရေးအားကစားပွဲတော် ပြုလုပ်


မူဆယ်၊ အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ ရွှေလီမြို့ နုန်မော်ဟူပန်းခြံအရှေ့တံခါးရင်ပြင်၌ မြန်မာ-တရုတ်နှစ်နိုင်ငံ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ချစ်ကြည်ရေးအားကစားပွဲတော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြသည်။

အားကစားပွဲတော်တွင် တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ်ခွဲကော်မတီ ဒုအတွင်းရေးမှူး၊ ပြည်နယ်ခွဲအုပ်ချုပ်ရေးမှူးမစ္စတာဝေကန်းမှ ကြိုဆိုနှုတ်ဆက်စကား ပြောကြားသည်။ ထို့နောက် ယူနန်ပြည်နယ် မသန်စွမ်းသူဖက်ဒရယ်အတွင်းရေးမှူး၊ ကောင်စီဝင်ချုပ် မစ္စတာ ရွှီဆောက်ဝင်မှ အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ကူမင်းဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းက ကျေးဇူးတင်အမှာစကား ပြောကြားသည်။ ထို့နောက် တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ်ခွဲ ကော်မတီဒုအတွင်းရေးမှူး ပြည်နယ်ခွဲပါတီ ပြန်ကြားရေးဦးစီးဌာန၊ ပြန်ကြားရေးမှူး မစ္စတာဆွန်ကျဲမှ မြန်မာနိုင်ငံ မူဆယ်မြို့ မသန်စွမ်းသူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက လက်ခံရယူသည်။ ထိုပြင် မသန်စွမ်းသူများပြန်လည်ထူထောင်ရေး အားကစားပြိုင်ပွဲကျင်းပခြင်း၊ ခြေတုလက်တုတပ်ဆင်ခြင်း၊ နားကြားကိရိယာ တပ်ဆင်ပေးနေမှု အခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ချစ်ကြည်ရေးပွဲတော်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှုအကအဖွဲ့များက အကပဒေသာများဖြင့် ကပြဖျော်ဖြေကြောင်း သိရပါသည်။


ချယ်ရီမြေ(မူဆယ်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)