ဘာသာရေး သူပုန်သူကန်တွေ အကြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘာသာရေး သူပုန်သူကန်တွေ အကြောင်း



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်က အသိအမှတ်ပြုတဲ့ ကိုးကွယ်ရာဘာသာသာသနာများကို ပြဋ္ဌာန်းထားတယ်။ အဲဒီပြဋ္ဌာန်းချက်တွေ မှာ ဗုဒ္ဓဘာသာလို့ ဖော်ပြထားလို့ ဓမ္မဝါဒဗုဒ္ဓဘာသာ အဓမ္မဝါဒဗုဒ္ဓဘာသာ ၂ မျိုးစလုံး ပါတယ်လို့ ထင်ရ ဖွယ်ရှိပါတယ်။ အဲသလိုထင်ရင် အဲဒီအထင်ဟာ လုံးဝ မှားပါတယ်။ 

၁၉၈၀ ခုနှစ် ၁၉၈၃ ခုနှစ်တွေမှာ ဝိနည်းဓမ္မကံ ဥပဒေ ၂ မျိုး ပြဋ္ဌာန်းထားပါတယ်။ အဲဒီဥပဒေတွေမှာ အဓမ္မဝါဒ အယူအဆတွေ ဟောပြောချက်တွေ ရေးသားချက်တွေနဲ့ ပတ်သက်လို့ ထောင်ဒဏ် ၅ နှစ်အထိ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအတွက်ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်က ဓမ္မဝါဒ ဗုဒ္ဓဘာသာကိုသာလျှင်  ကိုးကွယ်ရာဘာသာသာသနာအဖြစ် အသိအမှတ် ပြုထားတယ်လို့ ကောက်ယူရမှာ ဖြစ်ပါတယ်။ 

အဓမ္မဝါဒ ဗုဒ္ဓဘာသာ ဖြစ်နေရင် နိုင်ငံတော်က လုံးဝ အသိအမှတ် မပြုပါဘူး။ လက်မခံပါဘူး။ အဲဒါကြောင့် အဓမ္မဝါဒ ဗုဒ္ဓဘာသာဟာ နတ်ကိုးကွယ်မှု ဘာသာဆိုတာလောက်တောင် အဆင့်အတန်း မရှိပါဘူး။ ဒါကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။

နိုင်ငံတော်က အသိအမှတ်ပြထားတဲ့ ဓမ္မဝါဒ ဗုဒ္ဓ ဘာသာကို ညှိုးနွမ်းအောင် ပြုလုပ်ရင် ရာဇသတ် ကြီးပုဒ်မ ၂၉၅ - က အရ ပြစ်မှု မြောက်ပါတယ်။ 

နိုင်ငံတော်က အသိအမှတ် မပြုတဲ့ အဓမ္မဝါဒ ဗုဒ္ဓဘာသာကို ညှိုးနွမ်းအောင် ပြုလုပ်ရင် ရာဇသတ် ကြီးပုဒ်မ ၂၉၅ - က အရ ပြစ်မှု မမြောက်ပါဘူး။

ဘာလို့လဲဆိုရင် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ ဘာသာသာသနာကို နိုင်ငံတော်က တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ပေးရမယ်လို့ တာဝန်ယူထားပါတယ်။  နိုင်ငံတော်က အသိအမှတ် မပြုတဲ့ ဘာသာသာသနာကို နိုင်ငံတော်က တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ပေးရမယ်လို့ တာဝန်မယူဘူး။ 

အဲဒီဥပဒေပြဋ္ဌာန်းချက်တွေကို နားလည်ပါရဲ့သားနဲ့ အချို့အချို့ ရဟန်းသံဃာတွေနဲ့ အချို့အချို့ လူ တွေက အဓမ္မဝါဒ ဗုဒ္ဓ ဘာသာကို တစ်နည်းအားဖြင့် ဓမ္မဝါဒ ဗုဒ္ဓဘာသာယောင်ယောင် အမည်ခံထားတဲ့ အဓမ္မဝါဒ ဗုဒ္ဓဘာသာကို တစ်နည်းအားဖြင့် ဓမ္မဝါဒ ဗုဒ္ဓဘာသာယောင်ယောင် အသွင်အပြင် ယူထားတဲ့ အဓမ္မဝါဒ ဗုဒ္ဓဘာသာကို လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်ပြီးတော့ ထောက်ခံပေးနေတာတွေ ကာကွယ်ပေးနေတာတွေ တွေ့ရပါတယ်။ 

နိုင်ငံတော်က လုံးဝ လက်မခံတဲ့ အဓမ္မဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံတော်ရဲ့ တာဝန်ထမ်းဆောင်နေသူတွေ က လက်ခံတယ်၊ ထောက်ခံအားပေးတယ်၊ ကာကွယ်ပေးတယ် ဆိုရင် နိုင်ငံတော်ကို ပုန်ကန်နေတဲ့ အာဏာဖီဆန်မှု ဖြစ်ပါတယ်။ နိုင်ငံတော်ကို ဆန့်ကျင်နေတဲ့ ပုန်ကန်မှု ဖြစ်ပါတယ်။ 

ဓမ္မဝါဒ ဗုဒ္ဓဘာသာ၊ အဓမ္မဝါဒ ဗုဒ္ဓဘာသာ ကွဲပြားခြားနားခြင်းကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်ရဲ့ တာဝန်ထမ်းဆောင်နေသူတွေထဲမှာ ရှိနေတဲ့ အာဏာဖီဆန်သတွေ သူပုန်သူကန်တွေကို ဖော်ထုတ်တင်ပြ ဖယ်ရှားပစ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲဆိုရင် တည်ဆဲဥပဒေများကို လက်ကိုင်ပြု ကျင့်သုံးခွင့် အခွင့်အာဏာ ရရှိထားသူတွေမှာ တာဝန်ရှိပါတယ်။ အဓိကအားဖြင့်တော့ ရာဇာ ပဓာနံ ဆိုတဲ့ စကားအရ နိုင်ငံတော်အစိုးရမှာ တာဝန်ရှိပါတယ်။ 

တည်ဆဲဥပဒေများကို လက်ကိုင်ပြု ကျင့်သုံးခွင့် အခွင့်အာဏာ ရရှိထားသူတွေအနေနဲ့ လိုအပ်တာတွေက ဘာတွေလဲ။ မိမိတို့ ဓမ္မဝါဒ ဗုဒ္ဓဘာသာဝင် တွေနဲ့ လိုအပ်တာတွေက ဘာတွေလဲ မေးရင်တော့ -

အာဏာဖီဆန်သူတွေကို အာဏာဖီဆန်သူတွေမှန်း သိဖို့ လိုတယ်။ သိအောင် တင်ပြပေးဖို့ လိုတယ်။ 

ဘာသာရေး သူပုန်သူကန်တွေကို ဘာသာရေး သူပုန် သူကန်တွေမှန်း သိဖို့ လိုတယ်။ သိအောင် တင်ပြပေးဖို့ လိုတယ်။ 

အဓမ္မဝါဒ ဗုဒ္ဓဘာသာကို အဓမ္မဝါဒ ဗုဒ္ဓဘာသာမှန်း သိဖို့ လိုတယ်။ သိအောင် တင်ပြပေးဖို့ လိုတယ်။

 ဓမ္မဝါဒ ဗုဒ္ဓဘာသာယောင်ယောင် အမည်ခံထားတဲ့ အဓမ္မဝါဒ ဗုဒ္ဓဘာသာကို ဓမ္မဝါဒ ဗုဒ္ဓဘာသာယောင်ယောင် အမည်ခံထားတဲ့ အဓမ္မဝါဒ ဗုဒ္ဓဘာသာမှန်း သိဖို့ လိုတယ်။ သိအောင် တင်ပြပေးဖို့ လိုတယ်။ 

ဓမ္မဝါဒ ဗုဒ္ဓဘာသာယောင်ယောင် အသွင်အပြင် ယူထားတဲ့ အဓမ္မဝါဒ ဗုဒ္ဓဘာသာကို ဓမ္မဝါဒ ဗုဒ္ဓဘာသာယောင်ယောင် အသွင်အပြင် ယူထားတဲ့ အဓမ္မဝါဒ ဗုဒ္ဓဘာသာမှန်း သိဖို့ လိုတယ်။ သိအောင် တင်ပြပေးဖို့ လိုတယ်။ 


ဦးအောင်မြိုင်

အောက်တာဘာ ၂၀ ရက်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)