နေပြည်တော်၊ အောက်တိုဘာ ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်တုန်ပြည်နယ် ချင်းတောင်မြို့၌ အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် တတိယအကြိမ်မြောက်ရပ်ဝန်းနှင့် ပိုးလမ်းမစွမ်းအင်ဝန်ကြီးများ ကွန်ဖရင့်သို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ကွန်ဖရင့်၏ ပထမနေ့ နံနက်ပိုင်းအစီအစဉ် ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထိုသို့ပြောကြားရာတွင် Belt and Road Energy Partnership (BREP) စတင်ခဲ့သည့် လွန်ခဲ့သောငါးနှစ်အတွင်း BREP အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများ၏ အာရုံစိုက်မှုနှင့် အလေးထားမှုများ ပိုမိုရရှိလာကာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုသို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ကြိုးစားနေသကဲ့သို့ နိုင်ငံတကာစွမ်းအင်အခင်းအကျင်း၏ တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုများကို မျှဝေခံစားနိုင်ရန် Belt and Road Initiative အောက်တွင် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုများကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် “Belt and Road Green Energy Cooperation Action Plan (2024-2029)” ကို အကောင်အထည်ဖော်ရာတွင် BREP အဖွဲ့ဝင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်အမျိုးသားစွမ်းအင် အုပ်ချုပ်ရေးအဖွဲ့ (National Energy Administration-NEA) ၏ ဥက္ကဋ္ဌ Mr. Zhang Jianhua နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ တရုတ် - မြန်မာ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်ဆောင်ရွက် ရန်များကို ဆွေးနွေးကြသည်။
ကွန်ဖရင့်၏ ဒုတိယနေ့၌ ကျင်းပခဲ့သည့် Smart Energy Sub Forum ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအနေဖြင့်လည်း United Nations Framework Convention on Climate Change (UNFCCC) ၏ဆုံးဖြတ်ချက်နှင့် ပါရီသဘောတူညီချက်တို့နှင့်အညီ မြန်မာနိုင်ငံအမျိုး သားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ် (Nationally Determined Contribution_NDC) ကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်ဖြင့် ဓာတ်အားထုတ်လုပ်ဆဲ (သို့မဟုတ်) စီမံကိန်းအသစ်များတွင် Green Growth Models နှင့် ESS တို့ အသုံးပြုတည်ဆောက်နိုင်မည့်အခွင့်အလမ်းများစွာရှိနေသည့်အတွက် အစိမ်းရောင်စွမ်းအင်သုံးစွဲသည့် မြန်မာနိုင်ငံ(Myanmar Green) ဖြစ်စေရေး ဆောင်ရွက်ခြင်းမှ တစ်ဆင့် အစိမ်းရောင်စွမ်းအင်သုံးစွဲသော အာရှ (Asia Green) ဖြစ်စေ နိုင်မည်ဖြစ်သည့်အတွက် မိတ်ဖက်အဖွဲ့အစည်းများအား လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့ပြင် ယူနန်ပြည်နယ်ရှိ ၈၀၀ ကေဗွီ DC Converter ဓာတ်အားခွဲရုံ၊ ချင်းတောင်မြို့ရှိ Huadin Qingdao Gas Turbine Engineering Project နှင့် TELD EV Charging Network Center တို့သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment