ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဆီမီး ၉၉၀၀ ထွန်းညှိပူဇော်ပွဲ၌ ဒေသခံနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ပြုပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဆီမီး ၉၉၀၀ ထွန်းညှိပူဇော်ပွဲ၌ ဒေသခံနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ပြုပါဝင်ဆင်နွှဲ





ပြည် ၊ စက်တင်ဘာ ၁၉


သီတင်းလပြည့်ကျော် ၁ ရက် ယနေ့ညပိုင်းတွင် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဆီမီး ၉၉၀၀ ထွန်းညှိပူဇော်ပွဲကျင်းပရာ စေတီတော်ရင်ပြင်၌ စည်ကားလျက်ရှိပြီး ဆီမီးပူဇော်ပွဲတွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ပျော်ရွှင်စွာ ကုသိုလ်ပြုပါဝင်ဆင်နွှဲကြသည်။


ဆီမီး ၉၉၀၀ ထွန်းညှိပူဇော်ပွဲ ကျင်းပရာတွင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဝေယျာဝစ္စအသင်းအဖွဲ့များက ဦးဆောင်၍ ရင်ပြင်တော်မုခ်အသီးသီး၌ ဆီမီးများကို ဗုဒ္ဓပူဇာစာတမ်းများ၊ ကနုတ်ပန်းများဖြင့် သဏ္ဍာန်အမျိုးမျိုးပုံဖော်ကာ ထွန်းညှိပူဇော်ခြင်းဖြစ်ပြီး ဆီမီးပူဇော်ပွဲတွင် ဒေသခံနှင့်နယ်ပေါင်းစုံမှ ဘုရားဖူးလာပြည်သူများက ပျော်ရွှင်စွာ ကုသိုလ်ပြုပါဝင်ဆင်နွှဲကြပြီး ထိုသို့ကုသိုလ်ပြုဆီမီးပူဇော်နေမှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုးဦးဟန်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက လှည့်လည်ကြည်ရှု သဒ္ဓါပွားများကြကြောင်း သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)