သာယာဝတီ ၊ အောက်တိုဘာ ၂၇
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်(ငွေလုံးငွေရင်း)ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ လူမှုဖူလုံရေးရုံး၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါအကျိုးခံစားခွင့်များအကြောင်း ဆွေးနွေးပြောကြားပြီးသာယာဝတီမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထားမှအာမခံအလုပ်သမား ဦးသိန်းထိုက်၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၇,၂၀၀,၀၀၀ ကို ခွင့်ပြုထုတ်ပေးခြင်း၊ မြန်မာ့သစ်ထုတ်လုပ်ရေးမှ ဦးမျိုးသိန်း၏နာရေးစရိတ်အကျိုးခံစားခွင့်ငွေကျပ် ၉၉၀,၀၀၀ အား ခွင့်ပြုထုတ်ပေးခြင်းနှင့် မြန်မာ့မီးရထားမှ ဦးကျော်လွင်မြင့်၏ဖခင် ဘဝအကျိုးခံစားခွင့်နှင့်စရိတ် ၁၀၈,၀၀၀၊ စုစုပေါင်းအကျိုးခံစားခွင့်ငွေပေါင်း ၉,၀၁၈,၀၀၀ ကိုထုတ်ပေးခဲ့ပြီး မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား မကျန်းမာမှု၊ မီးဖွားမှု၊ ဖခင်ဘဝပြစ်မှု၊ နာရေးစရိတ်ထောက်ပံ့မှု၊ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှု၊ ကျန်ရစ်သူငွေလုံးငွေရင်းအကျိုးခံစားခွင့်များကို ထိရောက်ပြည့်စုံစွာ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment