နေပြည်တော်၊ အောက်တိုဘာ ၂၄
ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာ ရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်( ၆ )ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမ၌တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမှာစကား ပြောကြားစဉ် မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ် အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဗိလု်ချုပ်မှူးကြီး မင်းအောင်လှိုင် က "မျက်မှောက်ကာလ မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့အရ မြန်မာနိုင်ငံသားတိုင်း ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်အချုပ် အခြာအာဏာကို ကာကွယ်ရန် အချိန်ကျရောက်လာပြီဖြစ်ကြောင်း၊ ပြည်သူတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ် ရေးတာဝန်ကို ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ၊ နိုင်ငံသား အားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသား ရေးတာဝန်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန် ရှိသည့် တပ်မတော်ကို ပြည်သူ့အားဖြင့် ပူးပေါင်းကူညီကြရမည် ဖြစ်သကဲ့သို့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတာဝန်များကို ပြည်သူနှင့်တပ်မတော် အတူတကွ ဦးထမ်းပဲ့ ထမ်း တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း" ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment