၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးသွားပါက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးသွားပါက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်


နေပြည်တော် အောက်တိုဘာ ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာဓာတ်အားလိုင်းစီမံကိန်း၊ ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံ၊ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းနှင့်ဆက်စပ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား အမြန်ပို့လွှတ်နိုင်ရေး ဦးစားပေးလုပ်ငန်းအလိုက်ခွဲခြားပြီး ဆောင်ရွက်ရန်၊ လူအင်အား၊ ယန္တရားနှင့် စက်အင်အားများ တိုးချဲ့ပြီးအဆိုင်းစနစ်ဖြင့် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ အသိ အမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေးနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထရန်စဖော်မာများ၊ Shunt Reactor တပ်ဆင်နေမှုနှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယခု အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် ၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်း တက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးသွားပါက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ်ဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံတောင်ပိုင်းသို့ ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်နိုင်မည်ဖြစ်သည်။ ယခုအခါ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်နေဆဲကာလတွင် ၂၃၀ ကေဗွီဗို့အားဖြင့် လျှပ်စစ်ဓာတ်အားများ စတင်ပို့လွှတ်ပေးလျက် ရှိပြီး ၅၀၀ ကေဗွီစနစ်ဖြင့် ပို့လွှတ်နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းအပါအဝင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)