ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်၊ ကချင်ပြည်နယ် (ဌာနချုပ်ရုံး)သစ်ဖွင့်ပွဲသို့ တက်ရောက်အားပေး၊ သီတင်းကျွတ်လပြည့်နေ့အကြိုနေ့တွင် ပြည်သူ့ရင်ပြင်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားများပြားနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်၊ ကချင်ပြည်နယ် (ဌာနချုပ်ရုံး)သစ်ဖွင့်ပွဲသို့ တက်ရောက်အားပေး၊ သီတင်းကျွတ်လပြည့်နေ့အကြိုနေ့တွင် ပြည်သူ့ရင်ပြင်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားများပြားနေမှုအား ကြည့်ရှုအားပေး





မြစ်ကြီးနား၊ အောက်တိုဘာ ၁၇

ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် (JHG) ဌာနချုပ်ရုံး အဆောက်အဦသစ်ဖွင့်ပွဲကို အောက်တိုဘာ ၁၇ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ အဆိုပါ အဆောက်အဦသစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်အားပေးချီးမြှင့်ကြသည်။

အဆိုပါ ဌာနချုပ်ရုံး အဆောက်အဦသစ်ဖွင့်ပွဲတွင် သိက္ခာတော်ရဆရာတော်များက ဖွင့်ပွဲအထိမ်းအမှတ် ကောင်းချီးဆက်ကပ်အပ်နှံဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်ရုံးသစ်ဖွင့်ပွဲအတွက် ငွေကျပ်သိန်း ၃၀ ကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ရိုးရာမောင်းကိုလည်းကောင်း စာပေအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထိန်နန်ယော်ဆမ်ထံ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ အဖွဲ့ချုပ်တာဝန်ရှိသူများက အမှတ်တရ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ အောက်တိုဘာ ၁၆ ရက် သီတင်းကျွတ်လပြည့်နေ့အကြို (အဖိတ်နေ့)တွင် ပြည်နယ်အစိုးရ အဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် သီတင်းကျွတ်အခါသမယ၌ အများပြည်သူလွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေ အနားယူနိုင်ရေး ဆောင်ရွက်ပေးထားသည့် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံသို့ သွားရောက်ခဲ့ကြသည်။

အဆိုပါ ပြည်သူ့ရင်ပြင်အတွင်း သီတင်းပွဲတော်အထိမ်းအမှတ် ရောင်စုံစလိုက်မီးများ ထွန်းညှိပူဇော်ထားပြီး ဒေသခံတိုင်းရင်းသားအဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်နှင့်အတူ ဈေးဆိုင်ခန်းငယ်များဖြင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားများပြားလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပွဲတော်လာရောက်ကြသည့် ပြည်သူများအား စတုဒိသာမုန့်များ ဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)