ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဘိလိယက်နှင့် စနူကာပြိုင်ပွဲဝင် အားကစားသမားများ ပြည်မြို့၌ စခန်းသွင်းလေ့ကျင့်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဘိလိယက်နှင့် စနူကာပြိုင်ပွဲဝင် အားကစားသမားများ ပြည်မြို့၌ စခန်းသွင်းလေ့ကျင့်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

 



ပြည် ၊ အောက်တိုဘာ ၂၃


ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့် စနူကာ ပြိုင်ပွဲဝင်အားကစားသမားများအဖွဲ့  ပြည်မြို့၌ စခန်းသွင်းလေ့ကျင့်နေမှုကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးစကား‌ပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ တိုင်းဒေသကြီး ကိုယ်စားပြု ဘိလိယက်နှင့် စနူကာပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း ၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲဝင်အားကစားသမားများသည် နည်းပြဆရာများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်မြို့ ရွှေတစ်ချောင်းလမ်းရှိ Ok Snooker Club ၌ အောက်တိုဘာ ၁၁ ရက်မှ စတင်စခန်းသွင်းလေ့ကျင်လျက်ရှိကာ ပြည်ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်နှင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပြိုင်ပွဲဝင်အားကစားသမားများ၏ ကျန်းမာရေးဆိုင်ရာနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက် ပေးကြောင်း သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)