စေတုတ္တရာမြို့နယ်၌ (၃၄) ကြိမ်မြောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စေတုတ္တရာမြို့နယ်၌ (၃၄) ကြိမ်မြောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ




စေတုတ္တရာ၊ အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် သီတင်းကျွတ်လပြည့် ၁၇ ရက်နေ့၌ ပုရိမာဝါမှကျွတ်လွတ်ထမြောက်ကြကုန်သော ဆရာတော်သံဃာတော်တို့ နှစ်စဉ်ကျင်းပဆောင်ရွက်မြဲဖြစ်သော ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲပိုင်း ၂ နာရီအချိန်က မြို့လယ်ဓမ္မာရုံမှ စတင်ကာ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအား စုရပ်ပြုလုပ်၍ မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် စည်ကားသိုက်မြိုက်စွာဖြင့် သံဃာဒါနဆွမ်းဆန်စိမ်းအလှုတော်ကို လောင်းလှူခဲ့ကြသည်။

အခုဆွမ်းဆန်စိမ်းလောင်းလှုပွဲကို နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ဆွမ်းဆန်စိမ်းလောင်းလှုပွဲ ပြုလုပ်တာ (၃၄) ကြိမ် ရောက်ရှိပြီးဖြစ်၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များကို ပင့်ဆောင်ပြီး  သီလရှင်များပါ ဆွမ်းဆန်စိမ်းလောင်းလှူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သီတင်းကျွတ်လပြည့် မနက်ပိုင်းတွင်လည်း ဆွမ်းနှင့်ဆွမ်းဟင်းများကိုလည်း ပြည့်စုံစွာ လောင်းလှူသွားပြီးဖြစ်ကြောင်း မြို့လယ်ဓမ္မာရုံဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြတ်စွာဘုရားအမှူးပြု၍ ရဟန်း(၆၀)ပါး၊ ရှင်သာမဏေ (၁၅) ပါးနှင့် သီလရှင် (၃၂) ပါး စုစုပေါင်း (၁၀၇) ပါးကျော် ကြွရောက်တော်မူပြီး စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ အမှတ် (၁/၂) မြို့ပေါ်ရပ်ကွက်များနှင့် စေတုတ္တရာဝန်းကျင် ကျေးရွာများမှ စေတနာရှင်၊ အလှူရှင်များက ဆွမ်းဆန်စိမ်းလှုဖွယ်ပစ္စည်းများနှင့် ဝတ္တု‌ငွေများကို စေတနာသဒ္ဒါတရားထက်သန်စွာ လောင်းလှုခဲ့ကြပြီး လှုဒါန်းမှုအစုစုတို့ကို မြို့လယ်ဓမ္မာရုံတွင် တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆွန်းဆန်စိမ်းလောင်းလှုရာတွင် မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော်၊ မြို့နယ်သာသနာရေးမှူးရုံးမှ ဦးစီးအရာရှိနှင့် မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့တို့မှ ကြီးမှူး၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဝင်းအိမွန်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)