စကုမြို့၌ ဌာနဆိုင်ရာများ ဈေးသူ ဈေးသားများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စကုမြို့၌ ဌာနဆိုင်ရာများ ဈေးသူ ဈေးသားများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ





မင်းဘူး  ၊ အောက်တိုဘာ  ၁၉


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့တွင် ဒုတိယအကြိမ်မြောက် ဌာနဆိုင်ရာများ၊ ဈေးသူ ဈေးသားများ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က စကုမြို့ ပုညရှင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကို ဆရာတော် အရှင်သူမြတ်များနှင့် အလှူရှင်များက နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး စကုမြို့ ကန်ဦးကျောင်းတိုက် နိုင်ငံတော်သြဝါဒစရိယ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ စကုမြို့နယ်ဝန်းကျင်ရှိ ကျောင်းပေါင်း (၁၂၀) မှ ဆရာတော် (၁၄၄) ပါးတို့က ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ကြသည်။


ထို့နောက် စကုမြို့ အုပ်ချုပ်ရေးမှူး၊ ဦးစီးအရာရှိ ဦးချိုစန်းလွင်ဦးက ဒုတိယကြိမ်မြောက် စကုမြို့ စုပေါင်းမဟာဘုံကထိန်ပွဲ၏ စီစဥ်ဆောင်ရွက်ထားမှုများကို လျှောက်ထားပြီး မင်းဘူးမြို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကာ ပဒေသာပင်များကို မဲနှိုက်လှူဒါန်းခဲ့ကြောင်း သိရသည်။


ထို့နောက် စကုမြို့ ကန်ဦးကျောင်းတိုက် နိုင်ငံတော်ဩဝါဒစရိယ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရက ကထိန်အနုမောဓနာတရား ဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ဇေယျာထက်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)