စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ၊ဒုတိယဝန်ကြီး ဦးတင်ထွဋ် ရွှေတောင်မြို့နယ်အတွင်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ၊ဒုတိယဝန်ကြီး ဦးတင်ထွဋ် ရွှေတောင်မြို့နယ်အတွင်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 





ရွှေတောင် ၊ အောက်တိုဘာ-၁၁

စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးတင်ထွဋ် သည် 

တိုင်း၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ ၊နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် အတွင်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်  ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းစွန် ကျေးရွာ၊ကွင်းအမှတ် ( ၄၂၀C)၊ ကြို့ကုန်းကွင်းရှိ မြို့နယ်စိုက်ပျိုး ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅     ခုနှစ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပါဝင် သော စပါးမျိုး ရွေးချယ်ခြင်းလုပ်ငန်း မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်စိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က ရှင်းလင်းတင်ပြခဲ့ရာ  ဒုတိယဝန်ကြီးက  စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးကောင်း မျိုးသန့် အထွက် ကောင်းစပါးမျိုး (၁၂)မျိုးအား တောင်သူများသို့ ဖြန့်ဝေနိုင် ရေးအတွက် မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ကွက်များ စိုက်ပျိုးထုတ်လုပ် မှုအခြေအနေ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ  လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေတို့အား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊   သုတေသနမျိုးစေ့ထုတ်ဌာနခွဲ ဌာနမှူးများမှ မျိုးကောင်းမျိုးသန့်  အထွက် ကောင်းမျိုးများ စမ်းသပ်မျိုးစေ့ ထုတ်ပေး နေမှု အခြေ အနေများအား ရှင်းလင်း ဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ထို့နောက်တက်ရောက်လာသော  တောင်သူများ၏ တင်ပြ ဆွေးနွေးချက်များ အ ပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဆွေး နွေးခဲ့ကြသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ  (မြို့နယ်စိုက်ပျိုး မွေးမြူရေးကြီးကြပ်ကော်မတီဥက္ကဌ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်ကော်မတီပါဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံ တောင်သူများ (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)