မှော်ဘီ ၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ် သာသနာ့ဗိမာန်ဓမ္မာရုံဝန်းအ တွင်း သန့်ရှင်းသာယာလှပစေရေး အ တွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကိုယနေ့နံနက်၇နာရီအချိန်က တာဝန်ရှိသူများစုပေါင်းကာသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန့်ရှင်းသာယာလှပရေးစုပေါင်းဆောင်ရွက်ရာတွင်မှော် ဘီမြို့နယ်မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက မြို့နယ်သာသနာ့ဗိမန်ဓမ္မာရုံဝန်းအတွင်းရှိသစ်ပင်ချုံနွယ်ပေါင်းမြက်များ၊အမှိုက် များအား ရှင်းလင်းခြင်းတို့ကိုစုပေါင်းဆောင်ရွက်ခဲ့ သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင် ကြည်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊အဖွဲ့ဝင်(၂)ဦး ဝင်းစိုးနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန် ထမ်းများ၊ဌာနဆိုင်ရာအသီးသီးမှတာ ဝန်ရှိသူများနှင့်ဝန်ထမ်း များ၊ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ စု ပေါင်း၍ သန့် ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment