ငွေဆောင် ၊ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေဖြင့် မြို့အတွင်းရှိ အိမ်မွေးတိရစ္ဆာန် ခွေးများတွင် ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ မြို့ဦးစေတီဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာမိုးမိုးခိုင်ဦးဆောင်သော အဖွဲ့ဝင် (၈) ဦး၊ မြို့အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ခံ ဦးစည်သူဟိန်းနှင့် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းကာ ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၏ ခွေးရူးကာကွယ်ဆေးထိုးနှံရန် လာရောက်ပြသသော ခွေးကောင်ရေ (၂၀၀) ကောင်အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment