စိုက်ပျိုးရေပြည့်ဝစွာ စနစ်တကျပေးဝေနိုင်ရေးနှင့် ရေလေလွင့်ဆုံးရှုံးမှုကာကွယ်ရန်အတွက် သံခဲမြောင်းတွင် ပျက်စီးနေသော လိုင်နင်များ ပြန်လည်ပြုပြင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေပြည့်ဝစွာ စနစ်တကျပေးဝေနိုင်ရေးနှင့် ရေလေလွင့်ဆုံးရှုံးမှုကာကွယ်ရန်အတွက် သံခဲမြောင်းတွင် ပျက်စီးနေသော လိုင်နင်များ ပြန်လည်ပြုပြင်ပေး

 



ကျောက်ဆည် ၊ အောက်တိုဘာ ၁၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်မြောင်းချောင်ကန် ပေါများပြီး စိုက်ပျိုးရေးကို အဓိကထားသည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးဝေမြောင်းများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုယဏ္ဍာနှစ်တွင် စိုက်ပျိုးရေပြည်ဝစွာစနစ်တကျပေးဝေနိုင်ရေးနှင့် ရေလေလွင့်ဆုံးရှုံးမှုကာကွယ်ရန်အတွက်  သံခဲမြောင်းတွင် ပျက်စီးနေသော လိုင်နင်များအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ပျက်စီးနေသော လိုင်နင်များသည် ကျောက်ဆည်မြို့နယ် ဒါန်းကျေးရွာအနီး သံခဲမြောင်း၏ ပေတိုင် - ၁၂+၀၀၀မှ ၁၂+၃၀၀ အတွင်း ရန်ကုန်-မန္တလေးကားလမ်းဖြတ်ကူးသည့် တံတားအောက်ဘက်တွင် တည်ရှိပြီး လိုင်နင်များသည် နှစ်ကာလကြာမြင့်ပြီ ဖြစ်သောကြောင့် ချို့ယွင်းပျက်စီးနေပြီး စိုက်ပျိုးရေများ ပေးဝေရာတွင် ရေအလေအလွင့်များဖြစ်ပေါ်နေပြီး အုတ်လိုင်နင်အဟောင်းများ ထပ်မံမပျက်စီးစေရန်အတွက် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၈) ကျပ်သန်းဖြင့် မြောင်း၏ဝဲ/ယာ (၂၇၅) ပေအား အပါ်မှ (၃) လက်မထု ကွန်ကရစ်လောင်းခြင်းနှင့် ကွန်ကရစ်လိုင်နစ်အသစ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လိုင်နင်အသစ်များ  ပြန်လည်ပြုပြင်ပေးခြင်းကြောင့် သံခဲမြောင်းသည် သန့်ရှင်းသပ်ရပ်မှုများဖြင့် ရေစီးရေလာကောင်းမွန်လာပြီး ရေသောက်ဧရိယာ သီးနှံမျိုးစုံစိုက်ဧက (၂၄၅) ဧကအား ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် မြောင်းအဆုံး၊ မြောင်းအဖျားအထိ ရေအခက်အခဲမရှိ ပေးဝေနိုင်ပြီဖြစ်သောကြောင့် စိုက်ပျိုးတောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)