ရေတာရှည် ၊ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ ရေဘေးကြောင့် မျောပါပျက်စီးသွားသည့် နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြားပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးကြောင့် မျောပါပျက်စီးသွားသည့် နေအိမ် (၈၃) လုံး အိမ်ထောင်စု (၈၃) စုတို့အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ပစ္စည်း (၁၉) မျိုးနှင့်ငွေသား (၂၃၅၀၀၀၀) ကျပ်အား တစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး နေအိမ်များ အမြန်ပြန်လည်ဆောက်လုပ်နိုင်ရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment