ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန် နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန် နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့




လွိုင်ကော်၊ အောက်တိုဘာ ၂၈

ကမ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက လွိုင်ကော်မြို့ ရေဘေးသင့်ပြည်သူများအား ဘုရားဆင်းတုတော်၊ သင်္ကန်း၊ ဆန်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က လွိုင်ကော်မြို့ သာသနာ့ဗိမာန် တော်ကြီး၊ ဥတ္တရာရုံပရိယတ္တိစာသင်တိုက်နှင့်ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက “ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအတွက် စနစ်တကျနေရာချထားခြင်း၊  အစားအသောက်၊  ရေ၊ မီး၊ သန့်စင်ခန်း များ၊ အုပ်ချုပ်မှုနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအဆင်ပြေစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ကြိုတင်ကာကွယ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်နိုင်ခဲ့သဖြင့် ယနေ့အချိန်ထိ ပြည်နယ်အတွင်း  ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ကြီးကြပ်မှုဖြင့် ပြည်တွင်းပြည်ပမှ စေတနာရှင် အလှူရှင်များက လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများအားလုံးကို ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ မျှမျှတတရရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်တွင်းမှအလှူရှင်များက လှူဒါန်းသည့် ဉာဏ်တော်(၉)လက်မ ဘုရားဆင်းတုတော် (၇၇)ဆူနှင့် သင်္ကန်း (၅)စုံ တို့အား ပြည်နယ်သာသနာရေးဦးစီးဌာနသို့ လည်းကောင်း၊  ကမ္ဘောဒီးယားနိုင်ငံမှ လှူဒါန်းသည့် ဆန်(၁၂)ပြည်အိတ်(၁၃၅)အိတ်နှင့် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် လူသုံးကုန်ပစ္စည်း(၂၀)မျိုးတို့အား ရေဘေးသင့်ပြည်သူများသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။


ကိုဇင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)