လှိုင်းဘွဲ၊ အောက်တိုဘာ ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာ၊ ဆရာမများစုပေါင်း၍ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့ကြရသည့် ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများပံ့ပိုးဆောင်ရွက်ပေးနိုင်စေရေးအတွက် ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကွင်းဆင်းဆေးကုသပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်ဦးစီး၍ အထူးကုဆရာဝန်ကြီး(၆)ဦး၊ သူနာပြုအုပ်၊ အထက်တန်းသူနာပြု၊ သူနာပြု၊ အကူသူနာပြု စုစုပေါင်း ၁၇ ဦးတို့က ရွှေဂွန်းကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ခဲ့ကြရသည့်ဒေသများမှ ပြည်သူများအားဆေးကုသမှုပေးခဲ့ကြရာ အထွေထွေရောဂါလူနာ(၁၃၉)ဦး၊ ခွဲစိပ်လူနာ(၂၇)ဦး၊ သွားနှင့်ခံတွင်းလူနာ(၃၈)ဦး၊ မျက်စိလူနာ(၂၃၂)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ(၄၈)ဦး၊ အရေပြားလူနာ(၉၅)ဦး၊ စုစုပေါင်းလူနာ(၅၇၉)ဦးတို့ကို အခမဲ့ဆေးကုသပေးခဲ့ကြသည်။
ပြည်နယ်ပြည်သူ့ဆေးရုံးကြီးမှ အထူးကုဆရာဝန်ကြီးများ၏ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာ၌ လှိုင်းဘွဲမြို့နယ်ဆေးရုံးနှင့် ရွှေဂွန်းတိုက်နယ်ဆေးရုံတို့မှ ဆရာဝန်နှင့်သူနာပြု ဆရာ၊ ဆရာမများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment