ကြံခင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်၍ ထိခိုက်သောမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်၍ ထိခိုက်သောမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ


ကြံခင်း၊ အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ခုနှစ် ရေကြီးနစ်မြုပ်၍ ထိခိုက်သောမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်က မိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် အမျိုးသားသဘာဝဘေး (၂၅) ရာခိုင်နှုန်းထောက်ပံ့မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးမဲ့ချေးငွေ (၇၅) ရာခိုင်နှုန်းဖြင့် သွင်းအားစုနှင့် မျိုးစပါးများ ပေးအပ်မှာဖြစ်ကြောင်း  ပြောကြားပါသည်။

ဆက်လက်ပြီး ရေကြီးနစ်မြုပ်၍ ထိခိုက်သောမိုးစပါးများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် သွင်းအားစုမျိုးစပါးများ ထောက်ပံ့ပေးအပ်ရာတွင် ပျက်စီးဆုံးရှုံးသွားသော ကျေးရွာအုပ်စု (၉) အုပ်စု၌ ရေကြီးနစ်မြုပ်ထိခိုက်ဧက (၅၂၄) ဧကအတွက်ယူရီးယား (၆၆) အိတ်၊ ပိုတက် (၆၆) အိတ်၊ ကျောက်မှုန့် (၅၂၄) အိတ်နှင့် မိုးစပါးပျက်စီးခဲ့သောဧက (၇၃၁) ဧကအတွက် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးတစ်ဧကလျှင် (၁) တင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိများက သက်ဆိုင်ရာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများအား လက်ဝယ်အရောက် ထပ်ဆင့်ထောက်ပံ့နိုင်ရေး ပေးအပ်ကြသည်။

အခမ်းအနားသို့ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့်တာဝန်ရှိသူများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ဩဘာကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)