ရွှေတောင်မြို့နယ်တွင် သက်တော်ရှည် ဘဒ္ဒန္တသံဝရ မဟာမထေရ်မြတ်၏ သက်တော် ( ၉၀) ပြည့် ""နဝရတ်ရတုမဟာဝိဇာတပူဇာ"မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် သက်တော်ရှည် ဘဒ္ဒန္တသံဝရ မဟာမထေရ်မြတ်၏ သက်တော် ( ၉၀) ပြည့် ""နဝရတ်ရတုမဟာဝိဇာတပူဇာ"မင်္ဂလာအခမ်းအနားကျင်းပ







ရွှေတောင် ၊  အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု ၊ဝေဠုဝန်ကျောင်းတိုက် ဦးစီးပဓာနမဟာနာယက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ၊ဝေဠုဝန်နိကာယဂိုဏ်း ဂဏရက္ခိတ မဟာနာယကဆရာတော် သက်တော်ရှည် ဘဒ္ဒန္တသံဝရ မဟာမထေရ်မြတ်၏ သက်တော် ( ၉၀) ပြည့် " နဝရတ်ရတုမဟာဝိဇာတပူဇာမင်္ဂလာ"အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျီးသဲကျေးရွာအုပ်စု ၊ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်မှ သက်တော်ရှည် ဘဒ္ဒန္တသံဝရ မဟာမထေရ်မြတ်အား ဝေဠုဝန်နိကာယဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်အဖြစ် ခန့်အပ်ချီးမြှင့်   သည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကို ဆက်ကပ်လှူဒါန်းပူဇော်ပြီး အလှူရှင်အသီးသီးတို့မှ လှူဖွယ်ဝတ္ထုအစုစုတို့အားလှူဒါန်းပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ကြွရောက်လာသော ဆရာတော် ၊သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော် ဘဒ္ဒန္တကောဏ္ဍည၊ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ၊ ရန်ကြီးအောင်ကျောင်းတိုက်နှင့် ဝေဠုဝန်နိကာယဂိုဏ်းဆရာတော် ၊ သံဃာတော်များ၊ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဆရာတော်ကြီး၏ တပည့် ဒါယိကာ၊ဒါယိကာမများ တက်ရောက်ပူဇော်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)