ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး





ဇလွန်၊ အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီက ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ တောင်သူဦးသန်းဇော်ဦး၏ ကွင်းအမှတ် (၁၆၈၇) ဦးပိုင်အမှတ်(၁၁/၃) တွင် မိုးစပါး (၆) ဧကစိုက်ခင်းတွင် စံကွက်ရိတ်သိမ်းမှုနှင့် မင်းဒရယ်ကျေးရွာအုပ်စု တောင်သူ ဦးကျော်ဆန်းအေး၏ ကွင်းအမှတ် (၁၆၁၂) ဦးပိုင်အမှတ်(၁၁/က) တွင် မိုးစပါး (၇) ဧကစိုက်ခင်းတွင် ရေကြီးနစ်မြုပ်မူကြောင့် ထိခိုက်မူအပေါ် သွင်းအားစုထည့်သွင်းကြဲပက်ပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ဇလွန်မြို့နယ် အုပ်ရှစ်ကွင်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ တောင်သူ ဦးသန်းဇော်ဦး၏ လယ်မြေတွင် YSR - 1 မိုးစပါး (၆)ဧက စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် (၁၀၀.၃၅) တင်းနှုန်း ထွက်ရှိမှုနှင့် မင်းဒရယ်ကျေးရွာအုပ်စု တောင်သူ ဦးကျော်ဆန်းအေး၏ မိုးစပါး (၇) ဧကစိုက်ခင်းတွင် ရေကြီးနစ်မြုပ်မူကြောင့် ထိခိုက်မှုအပေါ် သွင်းအားစု ထည့်သွင်းကြဲပက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။


ဝေယံ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)