နေပြည်တော်၊ အောက်တိုဘာ ၃၀
မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား မောင်ကျော်မြင့်ဦး (MD 372855) သည် မလေးရှားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့မှုအတွက် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှု ဖူလုံရေးအက်ဥပဒေ (Act - 4) အရ မှီခိုသူ အကျိုးခံစားခွင့်ရရှိရန် မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာမိသားစုများနှင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)သို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်စန်းစန်းရင်သည် မလေးရှားနိုင်ငံ လူမှုဖူလုံရေး အဖွဲ့မှ ပေးအပ်သည့် မှီခိုသူ အကျိုးခံစားခွင့် ငွေကျပ် ၂၄၉၉၃၅၂၈ ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် ပြည်ပ၌ တရားဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဖူလုံရေးအခွင့်အရေးများ ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) နှင့် လူမှုဖူလုံရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ (MOC) ကို ၂၀၂၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့ပြီး မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)၌ အကျုံးဝင် မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရန် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (Act - 4)အရ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား ၃၂ ဦး၏ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များအား မှီခိုသူမိသားစုဝင်များက ရရှိခံစားလျက်ရှိကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment