မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအခမ်းအနား တက်ရောက်



မော်လမြိုင် ၊ အောက်တိုဘာ ၁၀


၂ဝ၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအခမ်းအနားကို ​ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြိုင်ပွဲများ၏ အဆို ဘာသာရပ်၊ အကဘာသာရပ်နှင့် အတီးဘာသာရပ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပါ် ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ပြိုင်ပွဲဝင်များမှ ပြည်နယ်ဝန်ကြီးချုပ်အား ဂါရဝပြုကန်တော့ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ (ဗဟိုအဆင့်) ပြိုင်ပွဲကြီးတွင် ဘာသာရပ်အစုံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိနိုင်ရေး၊ ပြည်နယ်ဂုဏ်ဆောင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့် လိုက်ပါကြီးကြပ်မည့်သူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)