မောက်မယ်၊ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လဆန်းပိုင်းက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် ရေများဝင်ရောက်ခဲ့ရာ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရပြီး ကွန်ကျိုင်းရပ်ကွက်နှင့် ကွန်ဆင်ကျေးရွာ ဆက်သွယ်ထားသော တံတားသည်လည်း ရေထဲမျောပါခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရေကြီးရေလျှံမှုတွင် ရပ်ကွက်နှင့် ကျေးရွာ ဆက်သွယ်ထားသည့် နမ့်ပိန်ချောင်းပေါ်ရှိ ရေထဲမျောပါခဲ့သည့် ကွန်ဆင်တံတားသည် အကျယ် ၁၀ ပေ၊ အရှည် ၅၀ ပေခန့်ရှိပြီး ထိုကိုယ်ထူကိုယ်ထတံတားအား ရပ်ကွက်အတွင်းနေထိုင်သည့် လူငယ်များနှင့် ကွန်ဆင်ကျေးရွာမှ ခြံပိုင်ရှင်များတို့က စုပေါင်းပြီး ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment