ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော် အားကစားအဖွဲ့ ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော် အားကစားအဖွဲ့ ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ


ရန်ကုန်၊ အောက်တိုဘာ ၂၈

အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်(ICF)က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ်တွင် ချန်ဒူး၌ ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ၏ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယမန်နေ့က ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲ၏ အမျိုးသား (၁၀)တက်လှော် မီတာ ၂၀၀ ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းက ပထမ (ရွှေတံဆိပ်)ဆု၊ မြန်မာအသင်းက ဒုတိယ(ငွေ တံဆိပ်)ဆုနှင့် ထိုင်းအသင်းက တတိယ(ကြေးတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသား + အမျိုးသမီး (၁၀)တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)ဆု၊ ထိုင်းအသင်းက ဒုတိယ(ငွေတံဆိပ်)ဆုနှင့် အင်ဒိုနီးရှားအသင်းက တတိယ(ကြေးတံဆိပ်)ဆုကို လည်းကောင်း၊ အမျိုးသား(၁၀)တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)ဆု၊ ဟောင်ကောင်အသင်းက ဒုတိယ(ငွေတံဆိပ်)ဆုနှင့် ရုရှားအသင်းက တတိယ(ကြေးတံဆိပ်) ဆုကိုလည်းကောင်း၊ အမျိုးသား + အမျိုးသမီး (၁၀)တက်လှော် မီတာ ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာအသင်းက စတုတ္ထအဆင့်ကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာလှေလှော်အဖွဲ့သည် ပြိုင်ပွဲရှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်နှစ်ခုနှင့် စတုတ္ထအဆင့်တို့ရရှိကာ စုစုပေါင်း ဆုတံဆိပ်ရှစ်ခုရရှိခဲ့ပြီး အဆိုပါ ပြိုင်ပွဲများသို့ အိမ်ရှင်တရုတ်အသင်း၊ ဥရောပအသင်းများ၊ အာရှအသင်းများနှင့် အာဆီယံနိုင်ငံများမှ အသင်းပေါင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာလှေလှော်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ Puerto Princesa မြို့၌ ကျင်းပမည့် အပြည်ပြည် ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်ဆက်လက် ထွက်ခွာသွားကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)