မြန်အောင်မြို့နယ်အတွင်း စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဝေရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ်အတွင်း စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဝေရောင်းချ





မြန်အောင် ၊ အောက်တိုဘာ ၉


မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်တစ်ဦးချင်းစီအား ယနေ့နံနက်က စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ ဖြန့်ဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။


မြန်အောင်မြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူမည့် လုပ်ငန်းရှင် (၂၁၁)ဦး တို့အား ဆီဖြန့်ဖြူးရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်နှင့်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇာ်ဦးတို့က ကြည့်ရှုအားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။


မြန်အောင်မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် စက်မှုလုပ်ငန်းသုံး စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေး ဆီတစ်ပိဿာ (၁၁၀၂၀)ကျပ်စျေးနှုန်းဖြင် စားအုန်းဆီ(၂၀) ပေပါ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)