ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှု ကြည့်ရှုအားပေး


လွိုင်ကော် ၊ အောက်တိုဘာ ၉


ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ် (၅) မြို့နယ်တွင် ရပ်ကွက် (၃၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတွင်  အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လွိုင်ကော်မြို့နယ်တွင် ရပ်ကွက် (၃၁) ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)စု၌ ကောက်ကွက်ပေါင်း (၂၉၉) ကွက်အား စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက နေ့စဉ်ကောက်ယူလျက်ရှိသည်။    


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်က လွိုင်ကော်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှု အဋ္ဌမနေ့အဖြစ် ပဒါးညေးကျေးရွာရှိ ပအို့ဝ်စာပေနှင့်ယဉ်ကျေးမှုရုံး၌ ကျေးရွာပြည်သူများစုစည်း၍ စာရင်းကောက်ယူနေမှုများ၊ ကျေးရွာအတွင်းစာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း Mobile Tablet များဖြင့် စာရင်းကောက်ယူနေမှုများကို လှည့်လည် ကြည့်ရှုအားပေးကာ ပြည်သူများအား သန်းခေါင်စာရင်းအင်္ကျီများကို အမှတ်တရပေးအပ်ခဲ့သည်။ ထို့နောက် နွားလဝိုးကျေးရွာနှင့် လယ်ထွဲကျေးရွာ များတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်းလှည့်လည်ကာ Mobile Tabletများဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ မေးမြန်းကောက်ယူနေမှုနှင့် ဒေသခံပြည်သူများက စိတ်ဝင်တစား ပြန်လည်ဖြေကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများအား လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအင်္ကျီများကို အမှတ်တရပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်အတွင်း အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ အောက်တိုဘာ ၇ ရက်နေ့အထိ ရပ်ကွက်(၂၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) စုတို့၌ ၂၀၂၄ ခုနှစ်၊  လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ကောက်ယူပြီးစီးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးထံမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)